aye chan ko

“အနာဂတ်မျိုးဆက်များအတွက် မန္တလေး ”

သမိုင်းထဲက မန္တလေး
“ အသက်လေးရယ်တဲ့ရှည်စေလို မန်းတောင်ရိပ်ခို” ဆိုတဲ့စာအတိုင်း မန္တလေးမြို့ကို မင်းတုန်းမင်းတရားကြီး
(၁၂၁၄-၁၂၄၀)က မြန်မာသက္ကရာဇ် ၁၂၂၁ခုနှစ်မှာ မြနန်းစံကျော်ရွှေနန်းတော်ကို စတင်တည်ဆောက်ခဲ့ပါတယ်။
မန္တလေးရဲ့ မြေနေရာ ရိုင်းကိုတောခုတ်ရှင်းလင်းပြီးတဲ့နောက်မှာ ရတနာပုံနေပြည်တော်လို့တွင်စေခဲ့ပါတယ်။
မြို့ရိုး၊ ပြရိုး၊ ကျုံးနဲ့ နန်းတော်ကြီးသာမကဘဲ အနီးအနားမှာ အချုပ်တန်း၊ ပန်းဆိုးတန်း၊ မုန့်တီတန်း၊ ဓါးတန်းစတဲ့
ဘုရင့် အတော်ဆက်နေရာများအပြင်မောက်မယ်ဝင်း၊ စော်ဘွားဝင်း၊ သုံးဆယ်ဝင်းစတဲ့ ရပ်စုကွပ်စုများနဲ့
စည်ကား သိုက်မြိုက်ခဲ့လို့ ဆရာကြီး(နတ်မောက်)ဦးထွန်းရှိန်က “ ၀င်းတွေနဲ့ တည်ခဲ့သည့်မင်းနေပြည်”
ဆိုတဲ့ စာအုပ်ကိုရေးသားထုတ်ဝေခဲ့ဖူးပါတယ်။
 မင်းမှုထမ်း၊ သူဌေးသူကြွယ်၊ အသည်အလာ၊ တောင်ယာလယ်လုပ်၊သူများနဲ့ လူတန်းစားမျိုးစုံ ပဒေသရာဇ်စနစ်ရဲ့အောက်မှာ
ရှိခဲ့ကြပါတယ်။သမ္ပတိစက်လေးပါးနဲ့ပြည့်စုံတဲ့ အရပ်ဆိုလည်းမမှားပါဘူး။နန်းတော်ကြီးကိုတည်ဆောက်စဉ်က
လူအင်အားတွေများများသုံးပြီးသစ်တောတွေကိုရှင်းလင်းခဲ့ရတဲ့အတွက် နန်းတော်ကြီးဟာ ခမ်းနားစွာနဲ့ ပြီးစီးခဲ့ပါတယ်။
အဲဒီခေတ်မှာလည်း မန္တလေးဟာ ကုန်းတွင်းပိုင်းကျတဲ့အတွက် အပူအအေးပြင်းထန်ပါတယ်။ ကုန်းဘောင်ခေတ်စာဆိုတော်
အချုပ်တန်း ဆရာဖေက သူတို့ခေတ်က မန္တလေးဆောင်းတစ်ညရဲ့ ရာသီဥတု သရုပ်ကို“ ချမ်းပုံမှာကန်းကုန်ရစ်တာမို့
မန်းတုန်အောင်လမ်းဆုံက ဟစ်ချင်တော့” လို့ ဆိုကာဆောင်းရာသီမှတ်တမ်းလေး အမိအရသရုပ်ဖော်ထားနိုင်ခဲ့ပါတယ်။
ဒါက လွန်ခဲ့တဲ့ ၁၄၉နှစ်က မန္တလေးမြို့ရဲ့ အခြေအနေလေးပါ။ အခု မြန်မာသက္ကရာဇ် ၁၃၇၀ခုနှစ်( ခရစ်သက္ကရာဇ် ၂၀၀၈)ခုနှစ်ကို
 ရောက်တဲ့အခါမှာတော့ မန္တလေးမြို့ဟာ အပြောင်းအလဲဘယ်လောက်များများတွေ့ကြုံပြီးလောကဓံကိုခံခဲ့ရပါသလဲ။ဒုတိယ 
ကမ္ဘာစစ်အတွင်းမှာ မန္တလေးဟာလည်း စစ်ဒဏ်ကိုခံခဲ့ရပြီးနောက် စစ်အပြီးမှာတော့ ပြန်လည်နိုးထလာခဲ့ပါတယ်။

ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ မန္တလေး
ပထမဆုံးအနေနဲ့ ကျွန်တော်တို့ရဲ့ အရိုးခံနေလာခဲ့တဲ့ မန္တလေးဟာ ဂလိုဘယ်လိုက်ဇေးရှင်း(globalization) နဲ့စပြီးကြုံတွေ့ခဲ့ပါတယ်။
လူနေမှုပြောင်းလာနဲ့ မန္တလေးအရင်က နန်းဆန်တဲ့ ပျိုဖြူလို့ပြောရတဲ့ မန္တလေးသူတွေဟာ ဂလိုဘယ်လိုက်ဇေးရှင်းအရဗျူတီစလွန်း၊ စူပါမားကတ်တွေ၊ ရှောပ့်ပင်းမောလ်တွေ မှာ အချောအလှတွေပုံစံတစ်မျိုးနဲ့ ထိုင်မသိမ်းကနေ စကတ်တိုတိုအသွင်ပြောင်း လာကြပါတယ်။အောင်ပင်လယ်ကန်သင်းရိုးက ကောက်စိုက်သမသီချင်း ဆိုနေတဲ့ကျေးတောသူပျိုဖြူတွေဟာလည်း စက်ရုံကိုယ်စီလုပ်ငန်းဝင်နေကြပါပြီ။ မြန်မာစိတ်ရင်းရင်းနှီးဖော်ရွေတတ်တယ်လို့ဆိုပေမယ့် နိစ္စဒူဝ
လှုပ်ရှားရုန်းကန်နေကြရတဲ့ဘ၀မှာတော့ ခံစားချက်ကို ဥပက္ခာပြုရင်း စက်ရုပ်ဆန်လာတဲ့ လူသားတွေအဖြစ် တွေ့နေရပါတယ်။လူတွေ အတွက် အပျော် အပါး သွားစရာနေရာတွေကများလာပြီး ငွေကြေးသုံးစွဲမှုပမာဏမြင့်မားလာပါတယ်။

ကျန်းမာရေးဆိုဒေါင်ဒေါင်မည်တယ်

မန္တလေးမြို့ရဲ့လူဦးရေဟာ ၁၉၉၄မှာ ၇၂၂၂၃၅ ရှိခဲ့ရာက ၂၀၀၅ခုနှစ်မှာတော့ ၈၇၅၂၅၂ အထိ တစ်နှစ်ကို ၂ဒသမ ၃ ရာခိုင်နှုန်းနဲ့ ပျမ်းမျှ တိုး
နေပါတယ်။ ဒါပေမယ့် မန္တလေးမြို့ဟာ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပြည့်စုံတယ်လို့ဆိုရမှာပါ။ ပြည်သူ့ဆေးရုံကြီးအပြင် အထူးကုဆေးခန်းကြီးတွေ၊အထွေထွေရောဂါကုဆေးခန်းတွေအပြင် ယုတ်စွဆုံး တိမွေးကု ဆေးခန်းတွေတောင်အများအပြားရှိပါတယ်။
မန္တလေးဆေးတက္ကသိုလ်ကလည်း တစ်နှစ်ကို ဆရာဝန်လောင်းတွေ ၆၀၀ကနေ ၈၀၀ ကြားခေါ်ယူ သင်ကြားပေးလျက်ရှိပါတယ်။ မန္တလေးမြို့နေလူထုက ဆေးပညာ အသိပြည့်စုံမှုရှိတယ်လို့တော့လည်း ဆိုသာသေးပါဘူး။ တတ်နိုင်ရင် ဆေးပညာအသိဖြန့်ဝေပေးမှုတွေဟာ မြို့နေလူတန်းစားတွေကြားမှာလည်းလိုအပ်ပါတယ်။ “ Prevention is better than cure.” ဆိုတဲ့ ဆောင်ပုဒ်ကိုတော့ လက်ကိုင်ထားတဲ့သူရှားပြီး  ဝေဒနာဖြစ်မှသာ ဆရာဝန်ဆီ အပြေးအလွှားသွားကြတဲ့ အကျင့်ရှိပါတယ်။ Fitness Centre တွေ ခပ်ကျဲကျဲဖွင့်လာပေမယ့် လာကစားနဲ့သူနည်းပါတယ်။မြို့နေလူထုက ကျန်းမာရေး
အသိနဲ့ စိမ်းမှုတွေရှိနေပြီး Healthy City Program တွေချမှတ်ထားပေမယ့် လှုပ်ရှားမှုနည်းနေပါသေးတယ်။ရောဂါတစ်ခုခုဖြစ်ပြီဆို ဆေးခန်းတွေများလွန်းလို့  မန္တလေးကတော့ ကျန်းမာရေး ဒေါင်ဒေါင်မြည်ပါပဲတဲ့။

စာတတ်ပေတတ်တွေ မန္တလေးက ထွက်တယ်
မန္တလေးမြို့မှာ ကျောင်းနေအရွယ်ကလေးငယ်မှန်သမျှ  ကျောင်းတက်နိုင်ရေး စီမံချက်နဲ့ ငွေကြေးချို့တဲ့တဲ့ ကလေးတွေကို ကျောင်းအပ်ပေး
တာမျိုးလည်းရှိပါတယ်။ချမ်းသာသူများနဲ့ လူလတ်တန်းစားများကတော့ ကိုယ့်သားသမီးကို ကျောင်းကြီးတွေမှာ အပြိုင်အပ်ကျတဲ့အတွက်
နာမည်ကြီးကျောင်းတွေမှာ ကျောင်းသားဦးရေတိုးမပါက်အောင်များပါတယ်။အကြောင်းကြောင်းတွေကြောင့် ကျောင်းမတက်နိုင်သူဦးရေလည်းရှိပါတယ်။
တစ်ချို့မိဘတွေအများစုက ကလေးတွေကိုတော်စေချင်တတ်စေချင်လို့ ကျောင်းအပြင် ကျူရှင်သုံးလေးခုထားကြပါတယ်။ကလေးတွေက နေ့စဉ်ပဲ စာအုပ် တစ်ထပ်ကြီးပါတဲ့ လွယ်အိတ်ကြီးကိုလွယ်ကာ ရေဘူးတစ်ဖက်၊ ထမင်းချိုင့်တစ်ဖက်နဲ့ အတော်ကိုစိတ်မသက်သာစရာပါပဲ။ အဲဒီလိုနဲ့ ကြာလာတဲ့အခါ နဂိုက ပါရမီရှိရင်တော့ဖြင့် ကောင်းနိုင်ပေမယ့် စိတ်မပါဘဲ ကြိတ်မှိတ်နေရသူများမှာတော့ စိတ်ရောကိုယ်ပါပင်ပန်းပြီးနောက်ပိုင်းမှာ မိဘကိုဆန့်ကျင်တဲ့ အဆင့်အထိပါဖြစ်လာစေနိုင်ပါတယ်။ ဒါပေမယ့် သမိုင်းကျောင်းကို ပြန်ကြည့်ရင်ဖြစ်ဖြစ်၊ ယခုလက်ရှိမှာပဲဖြစ်ဖြစ် စာတတ်ပုဂ္ဂိုလ်တွေ မန္တလေးကနေ ထွက်ပေါ်နေတာ အထင်အရှားပဲဖြစ်ပါတယ်။

မီဒီယာခေတ်မှာ မန္တလေးကလည်းနောက်မကျပါဘူး
ယနေ့ ခေတ်ဟာ (Information and Technology) ခေတ်လို့ပြောရအောင်တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ မန္တလေးမြို့ဟာ ခေတ်ဟောင်းထဲမှာ ကျန်ခဲ့မယ်လားလို့ ယုံမှာ သံသယမရှိလိုက်ပါနဲ့။သတင်းနဲ့ နည်းပညာတွေရယူနိုင်တဲ့ Internet Branches တွေကိုအများအပြားဖွံ့ဖြိုးတိုးတက် အောင်လုပ်ဆောင်လာပြီးတဲ့နောက်မှာ PAC( Public Access Centre) တွေလည်းပေါ်လာပါတယ်။လူတိုင်းအင်တာနက်မသုံးစွဲသေးပေမယ့် အင်တာနက် ဆိုင်တိုင်းတော့ အမြဲလိုလူပြည့်နေတတ်ကြပါတယ်။အရင်က သင်ပုန်းကိုင်တဲ့လက်တွေဟာ အခုတော့ White Board Marker တွေကိုင်ကုန်ကြပါပြီ။

သဒ္ဒါမချို့တဲ့ ဆရာတို့ရဲ့ပညာဒါန

မြန်မာလူမျိုးတို့ရဲ့ စိတ်သန္တန်မှာ အမြဲထင်ဟပ်နေတာကတော့ အလှူအတန်းကိစ္စပါ။ “ မရှိလို့ မလှူ၊ မလှူလို့မရှိမဖြစ်ရလေအောင်” အလှူရေစက် လက်နဲ့ မကွာကြပါဘူး။ ဒီအလှူတွေထဲမှာ ပညာဒါန အလှူလည်းပါပါတယ်။ ကိုယ်တတ်စွမ်းတဲ့ ပညာနဲ့ လောကကို အလှဆင်နေကြသူတွေထဲမှာ ဆရာ/ဆရာမတွေလည်း အဓိကပါပါတယ်။ ပညာဒါနအတွက် အင်္ဂလိပ်စကားပြောနဲ့ အခြား ဘာသာစကားများကို လေ့လာချင်သော်လည်းကောင်း၊ ကွန်ပြူတာပညာကို လေ့လာချင်သော် လည်းကောင်း အခမဲ့သင်တန်းများလည်းရှိပါတယ်။ များသောအားဖြင့်တော့ ဘုန်းကြီးကျောင်းများမှာ ဦးစီးဖွင့်ကြတာတွေရှိပါတယ်။

စီးပွားမဏ္ဍိုင် အခြေခိုင်တဲ့ မန္တလေး
မန္တလေးမြို့နေလူထုရဲ့ အသက်မွေးဝမ်းကျောင်းမှု စီးပွားရေးလုပ်ငန်းများကို အမျိုးအစားခွဲရရင် အစိုးရ၀န်ထမ်း၊ ကုန်သည်၊ လက်လုပ်လက်စား ဆိုပြီး အကြမ်းဖျင်းသုံးမျိုးရပါတယ်။ ကုမ္ပဏီတွေ၊ စက်မှုဇုန်တွေများလာတဲ့ အလျောက် အလုပ်အကိုင် အခွင့်အလမ်းတွေလည်းများလာပါတယ်။ ဒါပေမယ့် ကုမ္ပဏီဝန်ထမ်းတွေမှာက
လစာများများရတာသာရှိပေမယ့် ကုမ္ပဏီဝန်ထမ်းတွေမှာ အာမခံချက်မရှိတဲ့အပြင် ၀န်ထမ်းမမြဲမှု ပြသနာတွေလည်း အမြဲလိုကြုံတွေ့နေရပါတယ်။စီးပွားရေး အနေ နဲ့ကတော့ မြန်မာနိုင်ငံဘက်ကို တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်း မူဆယ်- ၁၀၅မိုင်တို့ကနေ လူသုံးကုန်ပစ္စည်းတွေ အများဆုံးဝင်ပါတယ်။ ဒေသထွက် ပစ္စည်းတွေကိုလည်း သယ်ယူပို့ဆောင်ရေး လွယ်ကူလျက်ရှိတဲ့ အပြင် တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်အပြင် ကားလမ်း၊ ရထားလမ်းများနဲ့ တံတားများလည်း အနှံ့ အပြားတည်ဆောင်ပြီးစီးပြီဖြစ်တဲ့ အတွက် ပိုမိုတိုးတက်မှုတွေဖြစ်ပေါ်လာပါတယ်။

မန္တလေးက စားသောက်မှုဓလေ့
မန္တလေးမြို့မှာရှိတဲ့ စားသောက်ဆိုင် ဈေးကွက်ကို တင်ပြရရင် သုံးမျိုး သုံးစားခွဲခြားနိုင်ပါတယ်။ Cold Drink & Cakes, Bugar လို fast food တွေရနိုင်တဲ့ အနောက်တိုင်းစတိုင် စားသောက်ဆိုင်မျိုးနဲ့ မြန်မာ၊ ရုမ်း၊ တရုတ်၊ အိန္ဒိယ အစားအစာတွေရရှိနိုင်တဲ့ ဆိုင်မျိုးတွေဖြစ်ပါတယ်။ နောက်ဆုံးတစ်မျိုးကတော့ လမ်းဘေးမှာ ခုံချရောင်းတဲ့ ပျံကျ ဆိုင်မျိုးတွေပါ။
စားသုံးသူတွေ ဘက်ကလည်း အမျိုးအစားတွေ ကွဲပြားနေပါတယ်။ အသစ်အဆန်း စားသောက်ဖွယ်တွေကို အဆင့်မီ ကောင်းပေ့ ညွှန့်ပေ့ဆိုတဲ့ ဆိုင်တကာကိုလိုက်ပြီး အရသာခံဝေဖန်စားသောက်တတ်ကြသူမျိုးတွေ၊ ကြုံရင်ကြုံသလိုကောင်းကောင်း မကောင်းကောင်း ၀င်စားလိုက်တဲ့သူမျိုးတွေနဲ့ လမ်းဘေးဆိုင်မျိုးမှာစားရမှ လွတ်လွတ်လပ်လပ်စိတ်မကျဉ်းကြပ်ဘဲ မှန်လုံ အဲယားကွန်းတပ်ထားတဲ့ ဆိုင်တွေဆို ပိုက်ဆံကုန်မှာစိုးတာတစ်ကြောင်း၊ တစ်ခါမှ မစားဖူးတော့ မရဲလို့သွားမစားဖြစ်တာက တစ်ကြောင်းနဲ့ တော်ရုံ
သွားမစားဖြစ်ကြသူတွေမျို အစုံပဲတွေ့ရပါတယ်။“၂၀၀၀ ပြည့်နှစ်ပိုင်းလောက်က စတင်ပြီး Cold Drink &  Bugar ဆိုင်တွေဖွင့်ခဲ့ပေမယ့် သိပ်အောင်မြင်မှုမရှိခဲ့ပါဘူး။အခုနောက်ပိုင်းတော့ အတော်ကို ခေတ်မီလာပါတယ်။
နေရာ အတော်များများမှာ fast food ဆိုင်လေးတွေဖွင့်လာကြတာကိုတွေ့ရပါတယ်။ ဒါပေမယ့် မန္တလေးတစ်မြို့လုံးနဲ့ယှဉ်လိုက်ရင် စားသုံးသူဦးရေ အရေအတွက်က အရမ်းကို နည်းနေသေးပါတယ်။” လို့  Cold Drink &  Bugar ဆိုင် မန်နေဂျာတစ်ဦးကပြောခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင်နှင့် မန္တလေး
မန္တလေးမှာ တဖြည်းဖြည်း လူဦးရေများလာပါတယ်။တိုက်တာတွေ မြို့လယ်ခေါင်မှာ အများအပြားဆောက်လုပ်လာကြပြီး မြို့တွင်းမှာ သစ်ပင် အရေအတွက် နည်းလာပါတယ်။
“အိမ်တွေ၊ တိုက်တွေက တစ်ခုနဲ့ တစ်ခု ကပ်ညပ်နေတဲ့အခါ မြင်ကွင်းရော ၊ ပတ်ဝန်းကျင်လေ၀င်လေထွက်ပါ မကောင်းဖြစ်တဲ့အတွက် Sick environment တွေဖြစ်လာနိုင်ပါတယ်” လို့ဆေးပညာလေ့လာသုံးသပ်သူတွေက ဆိုထားတာတွေရှိပါတယ်။
မတ္တရာနဲ့ ပုသိမ်ကြီး အနီးဝန်းကျင်ကို ကြည့်ရင်လည်း စိမ်းစိုနေပေမယ့် တောကြီးကြီးမားမားမရှိဘဲ လယ်ကွင်းများသာရှိပါတယ်။ မန္တလေးမြို့ရဲ့ တောင်ဘက်မှာလည်း တစ်ဖြည်းဖြည်းနဲ့ မြို့သစ်များချဲ့ထွင်တာကတစ်မျိုး၊ စက်မှုဇုန်များတိုးချဲ့လာတဲ့အတွက် Green Land တွေနည်းလာပါတယ်။ ဥယျာဉ်ဆိုရင်လည်း ရတနာပုံ တိရိစ္ဆာန်ဥယျာဉ်တစ်ခုနဲ့ မနော်ရမာန် ဥယျာဉ် နဲ့ မြို့တော်ဥယျာဉ်ဆိုပြီး ဥယျာဉ်အနည်းငယ်သာရှိပါတယ်။ ဥယျာဉ်တွေမှာ Green Space နည်းပါတယ်။နွေရာသီမှာ ဆို မန္တလေးက အရမ်းပူပါတယ်။

ကမ္ဘာကြီး ပူနွေးလာခြင်းနှင့် မန္တလေး

မိုးလေ၀သနှင့် ဇလဗေဒဌာနမှ ၂၀၀၆ခုနှစ် ကမ္ဘာ့မိုးလေ၀သစာတမ်းဖတ်ပွဲမှာ ဖတ်ကြားခဲ့တဲ့ မှတ်တမ်းများအရ -“ မန္တလေးမြို့အပူချိန်ဟာ ၁၉၅၀ မှ ၂၀၀၅ခုနှစ်အထိ အပူချိန်တိုင်းတာချက်များကို ကြည့်ရင် ၁နှစ်ကို ၀ဒသမ ၀၁၉၆ ဒီဂရီစင်တီဂရိတ် ပျှမ်းမျှနှုန်းနဲ့မြင့်တက်နေပါတယ်” နှစ်ငါးဆယ်ကျော်အတွင်းမှာ ၁ဒသမ၆ ဒီဂရီစင်တီဂရိတ် မြင့်တက်လာတယ်လို့ဆိုရမှာပါ။စက်ရုံများ၊ ကားများ၊ ဆိုင်ကယ်များတို့မှ အများဆုံး ထုတ်လွှတ်တဲ့ ကာကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ဟာ သစ်ပင်များနည်းပါးလာတာနဲ့ Co2 ကိုစုပ်ယူနိုင်မှုအားနည်း
လာပြီး  Green House Effect လို့ခေါ်တဲ့ ဖန်လုံအိမ်အာနိသင်ကို ဖြစ်ပေါ်စေပါတယ်။ကမ္ဘာကြီးပူနွေးလာမှု ဂယက်မှာ မန္တလေးမြို့ဟာလည်း မရှောင်နိုင်ဘဲ ပူးနွေးမှုရှိလာတယ်လို့ ဆိုချင်ပါတယ်။

ရီဆိုင်ကယ်ရွာထဲက မန္တလေး
“ သတင်းစာ အဟောင်းတွေဝယ်တယ်၊ ရေသန့်ဗူးခွံတွေဝယ်တယ်၊ သံတိုသံစတွေဝယ်တယ်။” ဆိုပြီး ဘော်တယ်အ၀ယ်တော်တွေဆီက မကြာခဏကြားနေရတဲ့ အသံကို ကျွန်တော်တို့နားယဉ်ပြီးသားပါ။ အဲသည်လို ပုလင်းခွံဝယ်တဲ့ အသည်တွေက အစုတ်အပြတ် စွန့်ပစ်ပစ္စည်း အတော်များများကို ထိုက်သင့်တဲ့ တန်ဖိုးဖြတ်ကာ ၀ယ်ယူကြပါတယ်။
သံတိုသံစ တစ်ပိသာကို ၁၂၀၀၀န်းကျင်ရှိပြီး ကြေးနန်းကြိုးတစ်ပိသာကိုလည်း ၇၀၀၀ ၀န်းကျင်ရှိပါတယ်။ ဘော်သတ္ထု တစ်ပိသာကို လည်း ၁၂၀၀၀ ၀န်းကျင်နဲ့ ၀ယ်ယူ ကြပါတယ်။ ရေသန့်ဗူးတွေကိုတော့ အရည်ကြိုပြီးတော့ ပလတ်စတစ်ပုံးအဖုံးတို့ စက်ဘီးလက်ကိုင်တို့ လုပ်တာမျိုးတွေရှိပါတယ်။စက္ကူတွေကိုတော ပြန်ကြိတ်ကာ ခြင်ဆေးဗူးနဲ့ ဖိနပ်ဗူးခွံစတဲ့ အသုံးအဆောင်တွေမှာ ပြန်သံးပါတယ်။ သံဗူးတွေကို ဆီမီးခွက်၊ မီးထွန်းခွက်တို့ ခြင်ဆေးခွေထောက်တိုင်တို့ လုပ်ကြပါတယ်။ မကြာသေးမီနှစ်ပိုင်းလောက်က
လုံးဝသုံးမရတဲ့ ကျွတ်ကျွတ်အိတ်တွေကို တောင်ဝယ်တယ်လို့ကြားသိရပါတယ်။သားရေဖိနပ်အပျက်တွေဆိုလည်း သားရေကို ပြန်သုံးကြပါတယ်။ သူများနိုင်ငံထုတ် တစ်ခါသုံး ဘူးခွံလေးတွေက အပြင်အဆင်လှတဲ့ အတွက် ကျွန်တော်တို့နိုင်ငံမှာ အလွန်
နှစ်သက်ကြတဲ့ တိုလီမိုလီထည့်စရာ ဘူးခွံလေးတွေဖြစ်နေပါတယ်။ keep your campus clean ဆိုသလို ရီဆိုင်ကယ်ရွာထဲရောက်လိုက်ရင်တော့ အမှိုက်ဆိုတာ တော်တော် ကိုရှားသွားနိုင်ပါတယ်။

လူငယ်များနဲ့ အနာဂါတ်
မျိုးဆက်သစ် လူငယ်တွေဟာ လူရယ်လို့ဖြစ်လာရင် သူတို့ဘိုးဘွားမိဘတွေရဲ့ အမွေကို ဆက်ခံရပြီး၊ အမွေမှာလည်း ကောင်းမွေ၊ ဆိုးမွေတွေရှိတတ်ကြပါတယ်။ကျွန်တော်တို့ရဲ့ အနာဂါတ်မျိုးဆက်လူငယ်တွေအတွက် ကောင်းမွေတွေကိုပဲ ကျွန်တော်တို့ ချန်ထားပေးခဲ့နိုင်ရင်  အကောင်းဆုံးဖြစ်တဲ့အတွက် ကျွန်တော်တို့ဟာ ကြိုးစားပေးရပါမယ်။
Bridge Builder တစ်ယောက် အကြောင်းကို ရေးသားထားတဲ့ ကဗျာလေးကို ကျွန်တော် အရမ်းကြိုက်ပါတယ်။ အဲဒီကဗျာက ကျွန်တော်တို့ မူလတန်းတုန်းက သင်ဖူးတဲ့ လူငယ်တွေ၊ နောင်လာနောင်သားတွေ စားဖို့သရက်ပင်စိုက်နေတဲ့ အဖိုးအိုလိုဇာတ်လမ်းမျိုးပါ။အခု Bridge Builder အကြောင်းကဗျာမှာတော့
အဖိုးအိုကြီးတစ်ယောက်ဟာ ချောက်ကမ်းပါးတစ်ခုကို ဖြတ်ကျော်လိုက်ပါတယ်။ ဒါပေမယ့် သူဟိုဘက်ကမ်းကို ခက်ခက်ခဲခဲရောက်ရှိသွားတဲ့အချိန်မှာတော့ သူဖြတ်ကျော်ခဲ့တဲ့ လမ်းမှာ တံတားတစ်ခုကို ပြန်ဆောက်ပေးလိုက်ပါတယ်။ဒါကို အနီးအနားရောက်လာတဲ့ ခရီးသွားတစ်ယောက်က မေးလိုက်ပါတယ်။
ဒီဘက်ကိုရောက်နေပြီးမှ ဘာလို့တံတားပြန်ထိုးနေရသလဲဆိုပြီးတော့ပါ။ ဒါနဲ့ အဖိုးအိုက-
"There followeth after me today. A youth whose feet must pass this way" " To that fair- haired youth may a pitfall be;Good friend,I'm building the Bridge for him" လို့ဆိုလိုက်တာကို ကဗျာရေးသူ Will Allen Dromgoole ကရေးသားခဲ့ဖူးပါတယ်။
အနာဂတ်မျိုးဆက်သစ်တွေအတွက် သာယာလှပတဲ့ ကမ္ဘာကြီးတစ်ခုကို ထားခဲ့သင့်တယ်လို့ ဒီကဗျာဖတ်ပြီးရင်ဆုံးဖြတ်လို့ရသွားပါပြီ။ အဓိကကတော့ ကိုယ်စွမ်းရှိသလောက် အနာဂတ်မျိုးဆက်တွေအတွက် တစ်ထောင့်တစ်နေရာကနေပါဝင်ပြီး တံတားဆောက်သလို ကိုယ်ဖြတ်ကျော်ခဲ့ပြီးတဲ့လမ်းကိုသူများဖြတ်ကျော်တဲ့နေရာမှာလည်း အဆင်ပြေအောင် နောက်ကိုပြန်ကြည့်တဲ့ စိတ်မျိုးလေးလူတိုင်းမှာ ကိန်းဝပ်နေရင် အနာဂတ်ဟာ သာယာလှပမှုတွေပြည့်စုံနေမှာပါ။
မန္တလေးကိုချစ်ရင်၊ မန္တလေးရဲအနာဂတ်ကို ကိုယ်တိုင်ပါဝင်ဆင်နွဲပြီး အလှဆင်နိုင်ပါစေလို့ လူတိုင်းကိုဆုတောင်းပေးပါတယ်။ ဒါဟာဒေသစွဲနဲ့ပြောတာမဟုတ်ပါဘူး။
ဖြစ်နိုင်ရင် တစ်ကမ္ဘာလုံးကို သာယာစေချင်ပါတယ်။ သာယာစိမ်းလန်းစိုပြည်တဲ့ ပတ်ဝန်းကျင်နဲ့ အိုဇုန်းလွှာပေါက်တာမသိ၊  ကမ္ဘာကြီးပူနွေးတာမရှိတဲ့ သာယာလှပတဲ့ ကမ္ဘာကြီးတစ်ခုကို ဖန်တီးပေးခဲ့သင့်ပါတယ်။

                                                                                                                .....  အေးချမ်းကို......

                                                                          (မှတ်ချက်။    ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အမှတ်တရ ဆောင်းပါး။)

Nanyang နန်းယန် အကြောင်း (ဘာသာပြန်အပိုင်းအစ)

School of Tourism and Hospitality Management
ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုစီမံခန့်ခွဲခြင်း သင်တန်းကျောင်း
နန်းယန် တက္ကသိုလ်ရဲ့ ခရီးသွားလုပ်ငန်းနှင့်
ဧည့်ဝန်ဆောင်မှုစီမံခန့်ခွဲခြင်း သင်တန်းကျောင်းဟာ စင်ကာပူနဲ့
အနီးဝန်းကျင်ဒေသတွေမှာ အောင်မြင်တဲ့ ဂုဏ်သတင်းရှိပါတယ်။
he Nanyang Institute of Management, School of Tourism & Hospitality is
gaining an enviable reputation in Singapore and the region .
နိုင်ငံအသီးသီးကနေလာတဲ့ ထိပ်တန်းကျောင်းသားတွေနဲ့ အလုပ်သမားတွေကို
လေ့ကျင့်သင်ကြားပေးလာခဲ့တဲ့သင်တန်းကျောင်းပါ။

To date, we have trained thousandsof studends from the top schools and
employers in respective countries.
နန်းယန်ကထွက်တဲ့ သင်တန်းသားနဲ့ အလုပ်သမားတွေအတွက် .သင်တန်းကျောင်းရဲ့
အကောင်းဆုံးပေးနိုင်တဲ့ အရည်အသွေးကတော့ အသိမှတ်ပြုဒီဂရီဘွဲ့တစ်ခုနဲ့
ကမ္ဘာပေါ်မှာ နာမည်ကောင်းရတဲ့ ၀န်ဆောင်မှုလတ်မှတ်ကို
ပေးအပ်နိုင်တာပဲဖြစ်ပါတယ်။
The greatest value we offer our students,is the recognition for our
degrees by the besthospitality names in the world, where they go for
their attachment.
သူတို့ အနာဂတ်အတွက် အလုပ်ကို အကောင်းဆုံးအာမခံချက်ပေးနိုင်ပြီး
စင်ကာပူမှာလည်း အကောင်းဆုံးအလုပ်အကိုင်အခွင့်လမ်းတွေရစေနိုင်ပါတယ်။
This opportunity to work for the best in Singapore gives students a
great reference for jobs in future.
အခု နန်းယန်က ကျောင်းသားတွေဟာ သင်တန်းပြီးတဲ့အခါ စင်ကာပူနဲ့
အခြားနေရာဒေသတွေမှာ အလုပ်အကိုင်တွေရနေပါပြီ။Our students currently
compete and get the best job opportunities in Singapore and the region.
 
School of Language
ဘာသာစကားသင်တန်းကျောင်း
ဘာသာစကားသင်တန်းကျောင်းမှာတော့ နန်ယန်ကျောင်းသားတွေကို ပညာရေးဆိုင်ရာ
ထောက်ပံ့မှုတွေ အပြည့်အ၀စီစဉ်ပေးထားပါတယ်။
In the School of Language, we aim to provide va holistic education for
all our Nanyang students.
နန်းယန်ကျောင်းသားတွေဟာသင်ကြားတဲ့နေရာမှာစိတ်ဝင်စားတဲ့အကြောင်းအရာဆွေးနွေးမှုတွေနဲ့
ကိုယ်ပိုင်အတွေးတွေကိုလည်းတကယ့်စီးပွားရေးလုပ်နေသလို ထုတ်ဖော်ဆွေးနွေးခွင့်တွေရှိပါတယ်။
Our students are able to strike interesting conversation and
articulate theirthoughts in a business-like manner.
ဒီလိုအရည်အသွေးနဲ့ တန်ဖိုးတွေကြောင့်မို့ နန်းယန်က ကျောင်းပြီးပြီး
ဘွဲ့ရသွားတဲ့သူတွေဟာ စီးပွားရေးလောကမှာ ဦးဆောင်နေကြတာတွေ
အထင်ကရရှိပါတယ်။
With these qualities and values ,our graduates will be highly
marketable for leadership positions in the business world.
စီးပွားရေးလောကမှာ အဟောအပြောကောင်းတဲ့သူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့
နန်ယန်းတက္ကသိုလ်က ဘာသာစကားသင်တန်းကျောင်းဟာ သင့်အနာဂတ်အတွက်
တိုးတက်ဖို့ပြင်ဆင်နိုင်အောင်ရွေးချယ်မှုတစ်ရပ်ဖြစ်ပါတယ်။
If you aspire to be a good communicator, the Nanyang School of
Language is the choice to develop and prepare you for the future.
 
School of Business
စီးပွားရေးသင်တန်းကျောင်း
စီးပွားရေးသင်တန်းကျောင်းမှာတော့ နန်ယန်ကနေပြီးစီးပွားရေးကျောင်းသားတွေအတွက် ဘဏ္ဍာရေးနဲ့
ဘဏ်လုပ်ငန်းဆိုင်ရာအလုပ်ခွင်မှာအားထားရတဲ့သူတစ်ယောက်ဖြစ်အောင်ပညာရေးဝန်ဆောင်မှုပေးနေပါတယ်။
In the  School of Business, we aim to provide a holistic education for
business students who are reliable and trustworthy to work in the
financial and banking industry,
အပြိုင်အဆိုင်ကြိုးစားနေကြတဲ့ ကမ္ဘာမှာ စီးပွားရေး
လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ စိန်ခေါ်မှုတွေကိုရင်ဆိုင်ရနိုင်ပြီး
ပြောင်းလဲနေတဲ့ စီးပွားရေးလုပ်ငန်းတွေကို လိုက်မီဖို့
နန်းယန်မှာသင်ကြားရင်းနဲ့ ကောက်နှုတ်ချက်တွေကို လေ့လာသွားနိုင်ပါတယ်။
able to meet the challenges as an entrepreneur in a competitive world
and yet,able to adapt to the changing business climate through
continual learning .
With these qualities and values , our graduateswill be highly
marketable for leadership positions in the business world.
ဒီလိုအရည်အသွေးနဲ့ တန်ဖိုးတွေကြောင့်မို့ နန်းယန်က ကျောင်းပြီးပြီး
ဘွဲ့ရသွားတဲ့သူတွေဟာ စီးပွားရေးလောကမှာ ဦးဆောင်နေကြတာတွေ
အထင်ကရရှိပါတယ်။
If you aspire to be a business leader,Nanyang School of Business is
the choice to develop and prepare you for the future.
စီးပွားရေးလောကမှာ အဟောအပြောကောင်းတဲ့သူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့
နန်ယန်းတက္ကသိုလ်ကစီးပွားရေးသင်တန်းကျောင်းဟာ သင့်အနာဂတ်အတွက်
တိုးတက်ဖို့ပြင်ဆင်နိုင်အောင်ရွေးချယ်မှုတစ်ရပ်ဖြစ်ပါတယ်။
                                       .        ..................အေးချမ်းကို.............

HDD တွေကို ပုရွက်ဆိတ်တွေ ကြိုက်သလား ?

                                                   မှတ်ချက်။      ။ စာပိုဒ်ကို အကြီးချဲ့ဖတ်လိုပါက      ctrl+mouse roller (forward push)

                                                                                                         ...................အေးချမ်းကို............

ခရစ်စမတ်သစ်ပင် ပုံပြင်